Saturday, May 21, 2016

ချစ်​သူတိုင်းဖြစ်​ချင်​တဲ့ ဆန္ဒ​လေး​တွေ

ကိုကိုနဲ့အတူနေချင်တာပေါ့ ဘယ်ခွဲချင်ပါ့မလဲ
ကိုကိုနဲ့အတူ လက်တွဲပြီးညဘက်လမ်းတွေ လျှောက်ချင်တာပေါ့ ညနေခင်းကန်ဘောင်မှာ လေလေးတဖြူးဖြူးနဲ့ လက်ချင်းချိတ်ပြီး လမ်းလျှောက်နေတဲ့အတွဲတွေကိုကြည့်ပြီး သဲလေးလည်းအားကျတာပေါ့
ကိုကိုနဲ့အတူ Coffee မျက်နှာချင်းဆိုင်သောက်ကာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ရင်ခုန်ချင်တာပေါ့ 
ကိုကိုနဲ့အတူ ညဘက်မြို့ထဲက မုန့်ဆိုင်လေးတွေ တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် လျှောက်စားချင်တာပေါ့
ကိုကိုနဲ့အတူ နယ်ဘက်တွေခရီးထွက်ချင်တာပေါ့
ရှမ်းပြည်ဘက်တွေအတူသွားချင်တယ် ပုဂံဘက်ကိုလည်းဘုရားဖူးထွက်ချင်တယ် ငွေဆောင်ကိုလည်းအပန်းသွားဖြေချင်တာပေါ့ ကိုယ်ချစ်တဲ့သူနဲ့အတူလျှောလည်တာလောက် ကြည်နူးစရာကောင်းတာရှိပါအုံးမလား ပြီးတော့မန်းလေးကိုလည်းသွားလည်ချင်တယ် ညဘက်လည်စရာတွေလည်းပေါ နေ့ခင်းလျှောက်သွားစရာတွေလည်းစုံတဲ့မြို့လေးကို မသွားချင်ပဲနေပါ့မလား အဲ့လိုလေးသာနေရရင်သဲလေ အရမ်းပျော်မိမှာပဲသိလား 
ကိုကိုရေ ကိုကိုလေဒီလိုလေးတစ်ခေါက်လောက် စိတ်ကူးရင်ကြည့်ခဲ့ဖူးလား သဲပြောခဲ့သလိုလေး ကိုကိုတော့မသိပါဘူး သဲမှာတော့နေ့တိုင်း အဲ့စိတ်ကူးလေးနဲ့ရူးခဲ့ဖူးတယ် မနက်ဘက်ဆို ကိုကိုအလုပ်မသွားခင် သဲလေးထမယ် ကိုကိုစားချင်တဲ့ မနက်စာလေးတွေဝယ်ထားပေးမယ် ကိုကိုကြိုက်တဲ့ပေါင်မုန့်ကြက်ဥကြော်ထားပေးမယ် ကိုကိုရုံးမသွားခင်စားဖို့ပေါ့ သဲလေးမနက်ဘက် လုပ်စရာတွေအကုန်ပြီးမှ ကိုကို့ကိုနှိုးမယ် ကိုကိုရေချိုးနေတဲ့အချိန် အပြင်ကနေ သဘက်လေးကိုင်ပြီးစောင့်နေမယ် ကိုကိုရုံးသွားရင်ဝတ်ဖို့ အဝတ်လေးတွေကြိုထုတ်ထားပေးမယ် အင်္ကျီကိုလည်း သဲလေးကိုယ်တိုင်ဝတ်ပေးမယ် ပြီးရင် မနက်စာအတူတူစားကြမယ်လေနော်။ ကိုကိုရုံးမသွားခင် သဲလေးကိုပုစဉ်းရေနား ( မထိတထိ ) အနမ်းလေးပေးပြီးမှ သွားပါ သဲလေးနေ့တိုင်း ကိုကို ရုံးမသွားခင် သဲလေးအမြဲမှာမယ့်စကားက လမ်းမှာတွေ့သမျှဘယ်ကောင်မလေးကိုမှ မငမ်းရဘူး ရုံးမှာလည်းကောင်မလေးတွေနဲ့ အရမ်းမရောပါနဲ့ဆိုပြီးတော့လေ ဟီးး သဲကနေ့ခင်းအိမ်မှာလုပ်စရာရှိတာတွေအကုန်လုပ်ထားမယ် ကိုကိုပြန်လာရင်စားဖို့ ကိုကိုကြိုက်တဲ့ဟင်းလေးတွေ ချက်ထားမယ် ကိုကိုရုံးကပြန်လာခါနီး သဲကကိုကို့အတွက် ပျားရည်လေးဖျော်ထားမယ် ကိုကိုပြန်လာရင် အမောပြေပျားရည်လေးသောက်ပြီးရင် သဲနဖူးလေးကို နေ့တိုင်းနမ်းပေးပါနော် ကိုကိုရေချိုးပြီးရင် ညနေစာတူတူစားမယ် ထမင်းစားပြီးညနေခင်း လမ်းအတူလျှောက်မယ် ဘုရားတွေသွားမယ် ပြန်လာရင် ရုပ်ရှင်တူတူကြည့်မယ် ကိုကိုမအားတဲ့နေ့တွေ ရုံးအလုပ်တွေပါလာတဲ့နေ့တွေဆို ဘေးနားကနေပြီးသဲလေးက ဝိုင်းကူပေးမယ် နားမလည်ပေမယ့် ကိုကိုခိုင်းတာလေးတွေလုပ်ပေးမယ် ကိုကို့အတွက် ကိုကိုမအိပ်ခင်သောက်ဖို့နွားနို့လေးဖျော်တိုက်မယ် ကိုကိုအလုပ်တွေပြီးမှတူတူအိပ်ကြမယ်လေနော် အော် အရေးကြီးတာတစ်ခုကျန်ခဲ့တယ် ညမအိပ်ခင်ကိုကို့ကို ရှိခိုးပြီးမှအိပ်မယ်လေ ကိုကိုကသဲလေးကိုဆုတွေပေးပေါ့ ကိုကိုရုံးပိတ်ရက်တွေဆို မြို့ထဲတွေလျှောက်လည်မယ် စနေနေ့ဆို အိမ်အတွက်လိုအပ်တာလေးတွေ ဈေးဝယ်ထွက်မယ်  လိုချင်တာလေးတွေ ကိုကို့ကိုပူဆာမယ် 😃 ညဘက် ရုပ်ရှင်ကြည့်ချင်တယ်ကိုကိုနဲ့အတူတူ နောက်ဆုံပွဲချိန်ကို  sun day ကျရင်မုန့်တွေလုပ်စားကြမယ် သူငယ်ချင်းတွေပါအကုန်ဖိတ်ပြီး တစ်ပတ်တစ်ခါဆုံရတာပေါ့ သူငယ်ချင်းတွေနဲ့လည်း တစ်နှစ်ကိုအနည်းဆုံး ၂ ခေါက်လောက်အပန်းဖြေခရီးဖြစ်ဖြစ် ဘုရားဖူးဖြစ်ဖြစ်သွားမယ် 
သဲလေးလေ အဲ့လိုစိတ်ကူးလေးတွေနဲ့ရူးနေပြီကိုကိုရယ် ကိုကိုကအခုအဝေးရောက်နေတော့တခြားအတွဲလေးတွေမြင်ရင် ကိုကို့ကိုအရမ်းလွမ်းတာပဲ ဘယ်နေရာပဲသွားသွား ငါနဲ့ကိုကိုနဲ့အဲ့လိုလေးနေရရင်သိပ်ကောင်းမှာပဲလို့ စိတ်ထဲကအမြဲတွေးနေခဲ့တာ ကိုကိုနဲ့အတူလျှောက်လည်ခဲ့တဲ့ နေရာတွေရောက်ရင် ကိုကို့ကိုလွမ်းလွန်းလို့ တစ်ခါတလေ မျက်ရည်တောင်ကျတယ် အာ့တွေသိရဲ့လား လူဆိုးကြီး ဘာမှလည်းမသိဘူး ဒါပေမယ့်သဲလေးနားလည်ပါတယ်ကိုကိုရယ် အခုချိန်ခဏဝေးနေရတာ တစ်ချိန်မှာ သဲလေးတို့အနာဂတ်လှအောင် ဖန်တီးဖို့ ကိုကိုအနစ်နာခံပြီး ရေခြားမြေခြားမှပညာတွေသွားသင်နေတာကိုလေ တခါတလေတော့လည်း ကိုကိုသာပြန်လာရင်ရပြီ ကိုကိုနဲ့အတူတူရှိရင်ရပြီဆိုတဲ့စိတ်လေးနဲ့ ကိုကို့ကိုအမြန်ပြန်လာဖို့ ဂျီကျခဲ့တာတွေ ကလေးဆန်မှန်းသိပါတယ်။ ကိုကိုရယ်အမြန်ပြန်လာပါတော့နော် ကိုကိုသဲဘေးမှာမရှိရင် တစ်လောကလုံးမှာ သဲလေးတစ်ယောက်တည်းရှိသလိုခံစားရတယ် လွမ်းလို့ပါနော် ကိုကိုပြန်လာရင် သဲလေးတို့စိတ်ကူးအိပ်မက်လေးတွေကို အတူတူအကောင်ထည်ဖော်ကြမယ်လေနော် တစ်ရက်တစ်ခါတော့ဖုန်းဆက်ဖြစ်အောင်ဆက်ပါကိုကိုရယ် လွမ်းလွန်းလို့ပါ ´´

#အဲ့လိုလေးစိတ်ကူးခဲ့ဖူးတဲ့သူတွေရှိသလားဗျို့

#ဒီစာဖတ်ရင်းတစ်စုံတစ်ယောက်ကိုသွားသတိရတယ်ဆိုရင်mentionခေါ်လိုက်ပါ 😉😉😉
လွန်ခဲ့သောတစ်နှစ်ခန့်က အဝေးရောက်ချိန် ရေးထားတာလေးပါ  ကောင်မလေးပြောသောစကားများကိုမှတ်သားပြီးေ
ရးထားတာဖြစ်ပါတယ် Computer မွှေရင်းဒီဖိုင်လေးထွက်လာလို့တင်ပေးလိုက်တာပါ ✌✌✌
                                         Sai Myint Moe

No comments:

Post a Comment