Saturday, May 21, 2016

သင့်ချစ်သူကောင်လေး & ကောင်မလေးကိုတကယ် ချစ်တယ်ဆိုရင် ဆောင်ရန်ရှောင်ရန်လေးတွေပါ

သင့်ချစ်သူကောင်လေး & ကောင်မလေးကိုတကယ် ချစ်တယ်ဆိုရင် ဆောင်ရန်ရှောင်ရန်လေးတွေပါ

ကောင်လေးပဲဖြစ်ဖြစ် ကောင်မလေးပဲဖြစ်ဖြစ် ကိုယ့်ချစ်သူရဲ့ သူငယ်ချင်းတွေနဲ့တွေ့တဲ့အချိန်မျိုးမှာ သူ့ကိုအနိုင်ပေးလိုက်ပါ သူ့သူငယ်ချင်းတွေရှေ့မှာ ဘယ်တော့မှ အနိုင်မယူမိပါစေနဲ့ နောက်ကွယ်၂ ယောက်တည်း ချိန်းတွေ့တဲ့အချိန်မျိုးမှာ ကြိုက်သလို သတ်ပုတ်နိုင်ပါတယ် အဲ့အချိန်လေးတော့ ချန်ထားပေးပါ သူ့ရဲ့သူငယ်ချင်းတွေကြားမှာ သင့်ကြောင့်သူ မျက်နှာမငယ်ရပါစေနဲ့

ကောင်မလေးတွေကိုပြောထားမယ်
ကောင်လေးတော်တော်များများက အချော့ကြိုက်ကွ
ချော့ပြီးခိုင်း ချော့ပြီးပြောရင် ဘာမဆိုလုပ်ပေးတတ်ကြတယ် အတတ်နိုင်ဆုံးနဲ့ အကောင်းဆုံးပေါ့ သူ့ကိုသွားပြီးလေသံမာမာနဲ့ပြောကြည့်လိုက် မလုပ်ပေးဘူးမဟုတ်ဘူး ဒါပေမယ့် ကြည်ကြည်ဖြူဖြူနဲ့ဆိုတော့ ပိုမကောင်းဘူးလား

ကောင်လေးတွေကလည်း သိထားရမှာ
ကောင်မလေးအားလုံးက စိတ်ကောက်လွယ်တယ် စိတ်ကောက်ပြီဆိုရင် ချက်ချင်းစချော့သင့်ပါတယ် သူအကြာကြီးမကောက်နိုင်ပါဘူးဆိုပြီး ပစ်မထားစေချင်ဘူး သူလည်းအချော့ခံချင်တာပေါ့ ချော့တဲ့နေရာမှာလည်း စကားလုံးလှလှလေးတွေနဲ့ ချော့သင့်ပါတယ် တော်ကီသုံးခိုင်းတာမဟုတ်ပါဘူး
စကားလုံးနုနုရွရွလေးတွေပေါ့ နင်ကလည်းဘာမဟုတ်တဲ့ကိစ္စလေးကို ကောက်မနေစမ်းပါနဲ့ဟာ ဘာမှဟုတ်တာလည်း မဟုတ်ပဲနဲ့ ဆိုတဲ့အသုံးမျိုးလေးတွေရှောင်သင့်ပါတယ် တစ်ခါ နှစ်ခါ လေးငါးဆယ်ခါ ခွင့်လွှတ်ပေးနိုင်ပေမယ့် ကြာလာရင် စိတ်ထင့်သွားမှာစိုးလို့ပါ

ကောင်မလေးတွေကိုပြောချင်တာလေးရှိတယ်
တချို့တချို့သောမိန်းကလေးတွေပါ ကိုယ့်ကောင်လေးမှာ ရှိမှန်းမသိ မရှိမှန်းမသိ အလိုက်မသိတဲ့သူလေးတွေပေါ့
မရှိတာထက် မသိတာခက်  ဆိုသလို ဟိုဟာပူဆာ ဒီဟာပူဆာမလုပ်သင့်ပါဘူး ကိုယ့်ကောင်လေးရဲ့အခြေအနေလေးကိုကြည့် ငွေလေးရွှင်နေရင်အကြောင်းမဟုတ်ပါဘူး မရှိတဲ့အချိန် သွားပူဆာမိလို့ မရရင်ဒေါသထွက်ရတာပဲ မဟုတ်လား ကောင်လေးတွေဘက်ကိုလည်း ခဏလောက်ဝင်ကြည့်စေချင်တယ် ကောင်လေးတွေကလည်း သူ့ချစ်သူပူဆာသမျှ ဝယ်ပေးချင်တာပေါ့ ဝယ်မပေးနိုင်တဲ့အခါမျိုးမှာ ငါဝယ်ပေးချင်လိုက်တာ သူအရမ်းလိုချင်နေရှာမှာပဲ ဆိုတဲ့စိတ်နဲ့ စိတ်မကောင်းဖြစ်ပြီး သူ့ချစ်သူလိုချင်တာလေး ဝယ်ပေးဖို့ ပိုက်ဆံလေးဆု ညတိုင်းစဉ်းစားပြီး အတွေးပေါင်းများစွာနဲ့ ညအိပ်ရာဝင်နောက်ကျပြီး အထီးကျန်ဆန်တဲ့ ညတွေကို တစ်ယောက်တည်းကျော်ဖြတ်နေတာ သိစေချင်တယ်
ကိုယ့်ကောင်လေးတတ်နိုင်တာကိုပဲပူဆာစေချင်တယ်

ကောင်လေးတွေက သူ့ကောင်မလေးတွေကို အိမ်ပြန်လိုက်ပို့ပေးတတ်ကြပါတယ် လိုင်းကားစီးတဲ့အခါမျိုး ထိုင်ခုံနေရာရလို့ ကောင်မလေးကို အရင်ပေးထိုင်လိုက်တယ် ခဏအကြာ ဟိုးနောက်ဆုံးခုံလွတ်လို့ သွားပြေးထိုင်တာမျိုးက မသင့်တော်ပါဘူး ကိုယ့်ကောင်မလေးဘေးမှာ ရပ်ပြီးနေပေးသင့်ပါတယ် အတူတူပြန်ချင်လို့ အိမ်လိုက်ပို့ပေးတာပဲမဟုတ်လား တစ်ယောက်တည်းစီးရမှတော့ သူ့ဟာသူလည်း ပြန်တတ်တာပေါ့ အော် ပြောရအုံးမယ် ကောင်မလေးတွေ အိမ်ပြန်လိုက်ပို့ပေးတဲ့ကောင်လေးတွေရှိရင် လက်မလွှတ်လိုက်နဲ့ ဘာလို့လဲဆိုတော့ ကိုယ်တွေအိမ်မှာ ရေချိုးပြီး TV ကြည့် မုန့်စား Coffee လေးသောက် ခေါက်ဆွဲလေးစား ဒါမှမဟုတ် အိပ်ယာထဲကွေးနေချိန်မှာ ခင်ဗျားတို့ကောင်လေးတွေ လိုင်းကားတိုးရင်း ချွေးပြန်နေချိန် သူ့အိမ်ကိုအချိန်မှီပြန်ရောက်ဖို့ ကားတိုးနေရတယ် တစ်ဆင့် နှစ်ဆင့် ပြောင်းစီးနေရတယ် အဲ့အချိန် ခင်ဗျားတို့ အိမ်မှာဇိမ်ကျနေတာ သူ့ကိုမသနားဘူးလား ချစ်လွန်းလို့နေ့တိုင်း အပင်ပန်းခံ အိမ်ပြန်နောက်ကျခံပြီးလိုက်ပို့နေတာ ကောင်လေးတွေလိုက်ပို့လို့ ကိုယ်တွေအိမ်ပြန်ရောက်နေချိန် အော်သူကားတိုးစီးနေရပါလားဆိုတဲ့ အတွေးလေး တစ်ရက်လောက်တွေးကြည့်လိုက်ပါ 

         အိပ်ချင်ပြီဗျာ Computer လည်းပူနေပြီ မနက်စောကြီးထရမှာ အိပ်ပြီ မနက်ဆက်ရေးမယ် bye gn sd 
                                                 Sai Myint Moe       

No comments:

Post a Comment